ဒဂုံ ဧပြီလ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ နွေရာသီကာလတွင် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်၊ မီးလန့်မှုများ မရှိစေရန်အတွက် အစိုးရရုံးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နေ့လည် ၁၂ နာရီအချိန်က မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှုး ဦးမျိုးမင်းထက်နှင့် အဖွဲ့များက လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြသည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် အစိုးရဌာနများရှိ မီးသတ်ဆေးဘူးများဆက်လက် အသုံးပြုရန် သင့်မသင့်၊ မီးဘေးအန္တရာယ်ကျရောက်လာပါက မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးလောင်မှု မီးလန့်မှု မဖြစ်စေရေး၊ မီးကြိုးများ ပလပ်ခုံများဟောင်းနွမ်းဆွေးမြေ့မှုရှိက လဲလှယ်စေရေး၊ လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် မီးဘေးအန္တရာယ် ကျရောက်လာ ပါကဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မေသန္တာ(ပြန်/ဆက်)