မိုင်းခတ်၌ Grade-5 ဗဟိုအဆင့်နည်းပြ(ToT) Online သင်တန်း သင်ကြားလျက်ရှိ

မိုင်းခတ် ဧပြီ ၂၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ Grade-5 ဗဟိုအဆင့်နည်းပြ (ToT)Onlineသင်တန်းကို မြို့နယ်ပညာ​ရေးမှူးရုံးတွင် တက်​ရောက်သင်ကြားလျက်ရှိသည်။

၎င်းသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက Online (Zoomaccount) ဖြင့် သင်ကြားပို့ချပေးရာဆရာ/ ()ဦး တက်ရောက်သင်ကြားလျက်ရှိပြီး စနစ်သစ်ပညာ​ရေး ဆက်လက်အ​​ကောင်အထည်​ဖော်နိုင်​ရေး စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်ဖွင့်လှစ်သင်တန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Grade-5ဗဟိုအဆင့်နည်းပြ(TOT)Onlineသင်တန်းကိုဧပြီလ၂၀ရက်မှ​ ၂၅ ရက်​နေ့အထိ ဖွင့်လှစ်သင်တန်းပို့ချ​ပေးသွားမည်ဖြစ်ပြီး မြို့နယ်အဆင့်သင်တန်းကို​ မေလ ၁၀ ရက်​နေ့မှ ၁၃ ရက်​နေ့အထိ ဆရာ/မများအား ဆက်လက်သင်တန်း​ပို့ချပေးသွားမည်ဖြစ်​ကြောင်း မြို့နယ်ပညာ​ရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)