မရမ်းကုန်းမြို့နယ် မြန်မာ့ကြယ်ဖြူ လူမှုဖွံ့ဖြိုးတိုးတက်​ရေး ပရဟိတအသင်းသို့ Flow Meter များ လာ​ရောက်လှူဒါန်း

မရမ်းကုန်း ဧပြီ ၂၀

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက်ပေါက်​စေတီလမ်းရှိ မြန်မာ့ကြယ်ဖြူ လူမှုဖွံ့ဖြိုး တိုးတက်​ရေး ပရဟိတအသင်းသို့ Flow Meter များကို ယမန်​နေ့နံနက်ပိုင်းက လာ​ရောက်လှူဒါန်းခဲ့သည်။

အဆိုပါ Flow Meterများအား မရမ်းကုန်းမြို့နယ်အမှတ်()ရပ်ကွက်​နေ အလှူရှင် ကိုသန်းစိုးနှင့် ဇနီးမအိဖြူသန့်မိသားစုမှ အရေးပေါ် အသက်ရှု ကြပ်လူနာများ အောက်ဆီဂျင်ရှုရန် လိုအပ်သော လူနာများအတွက် လှူဒါန်းခြင်းဖြစ်ပြီး စုစု​ပေါင်းFlow Meter (၅) ခု လှူဒါန်းခဲ့​ကြောင်းသိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)