လမ်းမတော် ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၈)ရပ်ကွက်၊ အ.ထ.က(၁)စွမ်းအားခန်းမ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ်ဆေးထိုးနှံသူ(၂၀)ဦးအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကာကွယ်ဆေး ထိုးပြီး ချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များပြုလုပ်နိုင်ရေး စာရင်း ရေးသွင်းခြင်းနှင့် QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များအား ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း တိကျစွာ လိုက်နာနေထိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဉီးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့်