ပျဉ်းမနား ဧပြီ ၂၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ် (Grade-5) ဘာသာရပ်များသင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးနှင့် သင်ကြားပို့ချမှုများ အရည်အသွေး ကောင်းမွန်စေရေးအတွက် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) online သင်တန်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပျဉ်းမနားမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ တက်ရောက်လျက်ရှိကြသည်။
အဆိုပါသင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ရိုးသစ် (Grade-5) ဘာသာရပ်များအလိုက် သင်ခန်းစာများအား ဧပြီလ(၂၀) ရက်မှ(၂၅)ရက်နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ (၃၈)ဦးတို့က online ဖြင့် တက်ရောက်လျက်ရှိပြီး သင်တန်းတက်ရောက်ပြီးမြောက်သည့် ဆရာ၊ ဆရာမများက မြို့နယ်အတွင်းရှိ သင်ရိုးသစ် (Grade-5)သင်ကြားမည့် ဆရာ/ဆရာမများအား ထပ်ဆင့် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်းကျော်(ပြန်/ဆက်)