ပင်းတယမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်  (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်း စတင်ဖွင့်လှစ်သင်ကြား

ပင်းတယ ဧပြီ ၂၀

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံးခန်းမဆောင်တွင် online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်သည့် နည်းပြသင်တန်းကို ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမ (၃၂)ဦးနှင့်  ကြီးကြပ်ရေးမှူး ဆရာ/ဆရာမ (၇)ဦး၊ စုစုပေါင်း(၃၉)ဦးတို့မှ လာရောက်သင်ယူလျက်ရှိပြီး နေ့အလိုက်  မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာစသည့် ဘာသာရပ်များကို အလှည့်ကျ သင်ကြားပို့ချသွားမည် ဖြစ်ပြီး၊  ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သက်ဆိုင်ရာ စာသင် ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ယခုသင်ခန်းစာများအား နည်းပြများအဖြစ် ပြန်လည်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သင်ရိုးသစ် (Grade-5) သင်တန်းကို ဧပြီလ (၂၀)ရက်နေ့ မှ ဧပြီလ (၂၅)ရက်နေ့ အထိ(၆)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပင်းတယမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

ပင်းတယ(ပြန်/ဆက်)