တောင်သာ ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်ရှိ စက်သုံးဆီရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် (၉) နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
“ယနေ့ တောင်သာမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စက်သုံးဆီရောင်းချနေတဲ့ ဆိုင်တွေမှာ စက်သုံးဆီ သိုလှောင်ထားရှိသော ပမာဏနှင့် ရောင်းချနိုင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ စက်သုံးဆီဆိုင်တွေမှာ သိုလှောင်ထားတဲ့ ဆီပမာဏပေါ်မူတည်ပြီး ဖွင့်လှစ်ရောင်းချ နိုင်စေရန် စစ်ဆေးခြင်းဖြစ်ပြီး ရောင်းချခြင်းမရှိတဲ့ စက်သုံးဆီဆိုင်များလည်း အချက်အလက်များနှင့်တကွ တင်ပြပြီးမှသာ ရောင်းခွင့်ပိတ်ထားလို့ ရမှာပါ။ လက်ရှိမှာတော့ တောင်သာမြို့နယ်အတွင်းမှာရှိတဲ့ မိဘပြည်သူများအနေနဲ့ စက်သုံးဆီများကို စိတ်ချစွာဝယ်ယူလို့ ရပါတယ်” ဟု မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရက ပြောသည်။
အဆိုပါ စက်သုံးဆီရောင်းခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)