ရမည်းသင်းမြို့နယ်၌ အခြေခံပညာသင်ရိုးသစ် (Grade-5)  ဗဟိုအဆင့်နည်းပြ (ToT) သင်တန်း ဖွင့်လှစ်ပို့ချ

ရမည်းသင်း ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း‌မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းကို ယနေ့နံနက် ၉ အချိန်က အမှတ် (၅) မြို့မ အခြေခံပညာအထက်တန်းကျောင်းဓမ္မာရုံတွင် online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ဆရာ(၂၈)ဦး၊ ဆရာမ(၄၄)ဦးစုစုပေါင်း(၇၂)ဦးတက်ရောက် သင်ယူလျက်ရှိပြီး ယနေ့တွင် Generic Topics၊ ဘာသာရပ်ဖွဲ့စည်းပု၊ Video lesson (နံရံကပ်စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သော အစားအစာ ပြုလုပ်နည်းနှင့် ပလပ်စတစ်အိပ်ကလေးခရီးစဉ် အစရှိသည့် ခေါင်းစဉ်များကို သင်ကြားပို့ချပေးလျက်ရှိပြီး၊ အဆိုပါသင်တန်း တက်ရောက်ပြီးသည့် ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ယခု သင်ခန်းစာများအား ပြန်လည်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်ရိုးသစ် (Grade-5) (ToT)online သင်တန်းကို ဧပြီလ(၂၀)ရက်နေ့မှ ဧပြီလ(၂၅)ရက် နေ့အထိ (၅)ရက်ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)