ပူတာအိုမြို့နယ်၌ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင် သူများအား ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

ပူတာအို ဧပြီ  ၂၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူများအား ရာနှုန်းပြည့် ထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိမှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဧပြီ(၂၀)ရက် နံနက် (၈)နာရီတွင် ပူတာအိုမြို့ မြို့မစေျးနှင့် ပြန်/ဆက်လမ်းဆုံ၌ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်၏ ဦးဆောင်မှုဖြင့် ထွေအုပ်ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်ရှိ လေယာဉ်ကွင်းစေျးနှင့် မြို့မစေျးတို့တွင် စေျးရောင်းစေျးဝယ် ပြည်သူများမှ ကာကွယ်ဆေး မထိုးနှံရသေးသူ စုစုပေါင်း (၁၄၁)ဦးအား ကွင်းဆင်းထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် စေျးများ၊ ရပ်ကွက်များနှင့် လူအသွားအလာများသော နေရာစုရပ်များတွင် ဆက်လက် ကွင်းဆင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် မြို့ပေါ်ရပ်ကွက်ရှိ လူအသွားအလာများသော နေရာများသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက် ထိုးနှံနိုင်ရေး အသိပညာပေးခြင်း၊ ကာကွယ်ဆေးမထိုးနှံပါက ရရှိလာမည့် ဆိုးကျိုးများကို ပြည်သူများ သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးကြော်ငြာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပူတာအိုမြို့နယ်အတွင်း ဧပြီလကုန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်သူများ ပူးပေါင်းပါဝင် ထိုးနှံကြရန်လိုအပ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ဖုန်ကန်(ပူတာအို)