ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ Online သင်တန်းဖွင့်လှစ်

ဟိုပုံး ဧပြီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပညာ‌ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျောင်းသား/ကျောင်းသူများအား မူလတန်း သင်ရိုးသစ်ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ Online သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၃)ဦးဖြစ်သည့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်မင်းနှင့် မူလတန်းအဆင့် ကျောင်းအုပ်ဆရာကြီး /ဆရာမကြီးများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီလ(၂၀)ရက်နေ့မှ ဧပြီ(၂၅)ရက်နေ့အထိ (၆)ရက် ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သင်ကြားသင်ယူမှု ပိုမိုထိရောက်စေရေး မေလ(၁၀)ရက်‌နေ့တွင် သင်တန်း တက်ရောက်ခဲ့သည့် ကျောင်းအုပ်ကြီးများမှ တစ်ဆင့် မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ သင်ရိုးသစ်(Grade-5) သင်ကြားမည့် ဆရာ/ဆရာမများအား ထပ်ဆင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)