ပန်လုံမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးလျက်ရှိ

ပန်လုံ ဧပြီ ၂၀

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Vero)ကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပန်လုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံစုရပ်တွင် ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းက အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ တာဝန်ကျဌာနဆိုင်ရာများက ကာကွယ်ဆေးထိုးမည့်သူများအား တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေရာသတ်မှတ်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းသွင်းခြင်းတို့ကို စနစ်တကျစီစဉ်ကာ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အချိန်တိုအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။

ကာကွယ်ဆေးထိုးရာတွင် ပန်လုံမြို့မှ အသက်(၁၈)နှစ်အထက် ကျား(၄၈)ဦး၊ မ(၂၈)ဦး စုစုပေါင်း(၇၆)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပန်လုံ(ပြန်/ဆက်)