မိုးနဲမြို့၌ (Grade-5) သင်ရိုးသစ် နည်းပြသင်တန်း Online စနစ်ဖြင့်ပို့ချ

မိုးနဲ ဧပြီ ၂၀

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် (Grade-5) သင်ရိုးသစ် နည်းပြသင်တန်းကို Online စနစ်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် ဆရာ/ ဆရာမ ၁၂ ဦး မြို့နယ် ပညာရေးမှူးရုံး၌ တက်ရောက်သင်ကြား‌လျက်ရှိကြောင်း သိရသည်။

(KG+12) စနစ်သစ်ပညာရေး ၂၀၂၂ ခုနှစ် (Grade-5) သင်တန်းမှ  မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများကို ကျွမ်းကျင်စွာ ပညာသင်ကြားပို့ချနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ကာယဘာသာရပ်များကို ဧပြီ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး (Grade-8) အလယ်တန်းအဆင့်နှင့် (Grade-11) အထက်တန်းအဆင့် နည်းပြသင်တန်းများကိုလည်း မကြာမီ Online စနစ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)