ကျောက်တန်းမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်ဗဟိုအဆင့်နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချ

ကျောက်တန်း    ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် ဗဟိုအဆင့် Grade 5 နည်းပြသင်တန်းအား အွန်လိုင်း စနစ်ဖြင့် သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်ရိုးသစ်ဗဟိုအဆင့် အွန်လိုင်းစနစ်ဖြင့်သင်တန်းပို့ချခြင်းကို ကျောက်တန်းမြို့နယ်အတွင်းရှိ ဆရာ/ ဆရာမ(၂၆)ဦးတက်ရောက်ကာ သင်တန်းကို နံနက် ၉ နာရီမှ မွန်းလွဲ ၃:၅၀ နာရီအထိ (၂၀-၄-၂၀၂၂) ရက်နေ့မှ (၂၅-၄-၂၀၂၂)ရက်နေ့အထိ (၆)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

မြို့နယ် ပြန်/ဆက်