ကျိုက်ထိုမြို့နယ်တွင် အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြားရှိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ

ကျိုက်ထို ဧပြီ ၂၀

ကျိုက်ထိုမြို့နယ်တွင် အသက် (၁၅)နှစ်မှ (၁၈) နှစ်ထိ ရှင်သာမဏေများ၊ သီလရှင်များနှင့် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ဧပြီ (၂၀) ရက်နေ့တွင် ဆေးထိုးစုရပ်အသီးသီ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များမှ ကျန်းမာရေး ဦးစီးဌာန မြိုနယ်ဆရာ၀န်ကြီး ဒေါက်တာခွန်မောင်အိုး ဦးဆောင်သော ကျန်းမာရေး ၀န်ထမ်းများနှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့နယ် ပြည်သူ့‌ဆေးရုံ၊  သိမ်ဇရပ်မြို့၊ စစ်တောင်းကျေးရွာ၊ ကျိုက္ကသာ‌ကျေးရွာ၊ ဘိုရားကြီးကျေးရွာ၊ ကင်မွန်းချောင်း ကျေးရွာနှင့် ကျူချောင်ကျေးရွာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

၀င်းမောင်(ကျိုက်ထို)