ခရမ်း ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သကျမာရိဇိန်သွန်းဘုရားကြီး၏ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့နံနက် ၀၉:၀၀ နာရီက Siopharn ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covid Shield)ကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။
ခရမ်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများအား ကိုယ်အပူချိန်တိုင်းတာပေးပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ နိုင်ငံဝန်ထမ်းများနှင့် အသက်(၁၈)နှစ်ပြည့်ပြည်သူများ၊ အသက်(၅၀)နှစ်အထက်ပြည်သူများနှင့်အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါကာကွယ်ဆေး မထိုးနှံရသေးသောပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ နှစ်ကြိမ်အပြည့်ထိုးနှံပြီးသည့် နိုင်ငံဝန်ထမ်း များနှင့် အသက်(၅၀)နှစ်အထက် သက်ကြီးပြည်သူများအား ထပ်ဆောင်း Booster များထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ် အုပ်စုများအလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ကိုမင်း( ခရမ်း )