မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန  Community Centre ရုံးခန်းတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

မိုင်းငေါ့ ဧပြီ ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရုံးခန်း၌ ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ဒေါက်တာကျော်စိန် ရေးသားထားသော လူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က  စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေအကြောင်းအရာများကို နှီနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများတိုးပွားစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နာက် (Youth Club) အသင်းမှ မနှင်းယုစံက လူငယ်နှင့်ကျန်းမာရေး၊ မမြမွှေးလေးက လူငယ်နှင့်ကြီးပွားရေး၊ မခိုင်ဇင်ထက်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ မဟေမန်ဦးက လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ် အသီးသီးတို့ကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါအကြောင်း အရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့်စာဖတ်ဝိုင်းကိုတစ်လလျှင်(၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)