ရေး ဧပြီ ၂၀
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက ယခုဖွင့်လှစ်သည့် သင်တန်းတွင် ဆရာ/ဆရာမများမှ သေချာစွာ လိုက်နာမှတ်သားကြပြီး မိမိတို့ ပြန်လည်ပို့ချသည့် အခါတွင် လည်း အမှားအယွင်းမရှိ ပို့ချပေးသွားရန်လို အပ်ကြောင်းပြောကြားခဲ့ပြီး သင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နည်းပြ (၁၆) ဦးတို့က Grade-5 သင်ရိုးသစ် သင်ခန်းစာများကို (၂၀-၄-၂၀၂၂) ရက်နေ့မှ (၂၅-၄- ၂၀၂၂)ရက်နေ့ထိ (၆) ရက်ကြာ ဆရာ/ဆရာမ (၆၀) ဦးတို့အား Online ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ထို့နောက် Grade -5 မူလတန်းဆင့်သင် ဆရာ/ဆရာမ (၈၈၉) ဦးအား Face To Face ဆင့်ပွားသင်တန်းကို လာမည့် မေလတွင် နည်းပြ (၆၀) ဦးတို့မှ (၄) ရက်ကြာ ဆင့်ပွား သင်တန်း ပြန်လည်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)