မောက်မယ်မြို့နယ်၌ Grade-5(သင်ရိုးသစ်) ဗဟိုအဆင့်နည်းပြ TOT(Online) သင်တန်း စတင်ဖွင့်လှစ်

မောက်မယ် ဧပြီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5(သင်ရိုးသစ်) ဗဟိုအဆင့်နည်းပြ TOT(Online) သင်တန်းကို ယနေ့နံနက်၉နာရီခွဲက စတင်၍ မွေတော်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် Online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထို Online သင်တန်းတွင် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ လာရောက်သင်ယူပြီး သင်ခန်းစာခေါင်းစဉ်များအလိုက် ယနေ့မှစ၍ ဧပြီလ(၂၅)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဆက်လက်ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ Grade-5(သင်ရိုးသစ်) ဗဟိုအဆင့် နည်းပြ TOT(Online) သင်တန်းတက်ရောက်ပြီးပါက ဆရာ/ဆရာမများအနေဖြင့် မိမိတို့ သက်ဆိုင်ရာစာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ယခုသင်ခန်းစာများအား ပြန်လည်သင်ကြားပို့ချပေးနိုင်မည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)