ဆီဆိုင်မြို့နယ်တွင် သင်ရိုးသစ် Grade-5 ဗဟိုနည်းပြ Online သင်တန်းဖွင့်လှစ်

ဆီဆိုင် ဧပြီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သင်ရိုးသစ် Grade-5 ဗဟိုနည်းပြ Online သင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအား မူလတန်းသင်ရိုးသစ် ဘာသာရပ်များသင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စွာ သင်ကြားပို့ချရန်အတွက် သင်ရိုးသစ် Grade-5 ဗဟိုနည်းပြ Online သင်တန်းသို့ မူလတန်းကျောင်းအုပ်ဆရာ၊ ဆရာမ(၅၀)ဦးတို့မှ တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ ၂၀ ရက်မှ ဧပြီ ၂၅ ရက်နေ့အထိ (၆)ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သင်တန်းပြီးသွားပါက သင်တန်းတက်ရောက်ခဲ့သည့် ကျောင်းအုပ် ဆရာ၊ ဆရာများမှတဆင့်မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ သင်ရိုးသစ် Grade-5 သင်ကြားမည့် ဆရာ၊ ဆရာမများအား ထပ်ဆင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)