ပူတာအို ဧပြီ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ဧပြီ(၁၉)ရက်နေ့တွင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံကျေးရွာအုပ်စု ငွါးဇာခါး ကျေးရွာရှိ ကျေးလက်ကျန်းမာ ရေးဆေးပေးခန်းနှင့် မန်နိုကျေးရွာအုပ်စု ပန်ဆပ်ကျေးရွာရှိ ရဝမ်နှစ်ခြင်း အသင်းတော် ဘုရားကျောင်းဝင်း၌ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ပြည်နယ်ကျန်းမာရေးဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရ သေးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူး စက်ခံရသည့်အခါ ခံနိုင်ရည်ရှိစေရေးနှင့် အသက် အန္တရာယ်မရှိစေရေးတို့အတွက် မဖြစ်မနေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရမည် ဖြစ်ကြောင်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး မချမ်းဘောမြို့နယ် ငွါးဇာခါး ကျေးရွာနှင့် ပန်ဆပ်ကျေးရွာတို့မှ ပြည်သူလူထု(၂၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်လှိုင်လှိုင်ဌေးနှင့် ပူးပေါင်းအဖွဲ့များသည် ပြည်သူ လူထုမှ အထွေထွေကျန်းမာရေးနှင့် ပတ်သက်သည့် မေးခွန်းများအား မေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ပြီး ပြည်သူလူထုထံအား အားဆေးများ ထောက်ပံ့ပေးခြင်းနှင့် အထွေထွေ ကျန်းမာရေးစောင့် ရှောက်မှုများပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကာ ပန်ဆပ် ကျေးရွာရှိ ရဝမ်နှစ်ခြင်းအသင်းတော်အား အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)