ဒလ ဧပြီ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အိမ်ထောင်စုဝင် (၁၁၂၁၄)ဦးအား ယနေ့နံနက် ၉နာရီ အချိန်က ဆန်အိတ်နှင့်ဂျုံများလှူဒါန်းကြောင်းသိရသည်။
အဆိုပါအိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၂၄ ပြည် တစ်အိတ်နှင့် ဂျုံများကို ဒလမြို့နယ်တပ်နယ်မှူး ဗိုလ်ချုပ်အေးမင်းထွေးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များက ညောင်တုန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် ခနောင်ရွာမကျေးရွာများသို့ သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဒလမြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာရှိ အိမ်ထောင်စုဝင်များအား လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
ဒလ(ပြန်/ဆက်)