ဘီးလင်း ဧပြီ ၂၀
သထုံခရိုင် ဘီးလင်းမြို့နယ်၌ Grade- 5 (သင်ရိုးသစ်) Online သင်တန်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း (အထက - ဘီးလင်း) ကျောင်း၌ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗဟိုအဆင့် Grade - 5 သင်ရိုးသစ်နည်းပြ Online သင်တန်းသို့ ဘီးလင်းမြို့နယ် အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာ၊ ဆရာမ (၆၂) ဦး တက်ရောက် ခဲ့ပြီး ဗဟိုအဆင့်မှ သင်တန်းနည်းပြ ဆရာ၊ ဆရာမများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိနှင့် ကာယပညာ ဘာသာရပ် (၇)မျိုးကို ၆ ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း လက်ထောက်မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ထူးနောင်