ပေါင် ဧပြီ ၂၀
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်းမာရေး ဦးဌာနတို့ပူးပေါင်း၍ နယ်လှည့်ကျန်းမာရေး ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကော့ကရင် ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိုက်ထွန်း ကကျေးရွာနေပြည်သူများ၏ ကျန်းမာရေးကောင်းမွန်စေရန် ဆေးကုသပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆေးကုသရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ကြည် သွားဆရာဝန်ဒေါက်တာ မိအိုင်းပရောနွန်ရော့ အပါအဝင် ကျန်းမာရေးမှုး၊ သူနာပြု ဆရာမများ၊ သားဖွားဆရာမ(၁၉)ဦးတို့က သွေးတိုး၊ ဆီးချိုရောဂါအပါအ၀င် အခြားသော အထွေထွေ ရောဂါများ ရှာဖွေကုသပေးလျက်ရှိသည်။
ကော့ကရင်ကျေးရွာအပြင် ကဒိုင်၊ ကော့ထော်၊ ဒေးကင်းကျေးရွာများမှလည်း လာရောက်ကုသလျက်ရှိ ကြောင်းသိရသည်။
တင်ဇာစိုး (ပြန်/ဆက်)