တာချီလိတ်မြို့၌ တပ်နယ်မိသားစု ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်စိမ်းလှူဒါန်း

တာချီလိတ် ဧပြီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ တပ်နယ်အရာရှိ/ စစ်သည်မိသားစုများမှ ရန်အောင်မြေရပ်ကွက်ရှိ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းသို့ ယနေ့နံနက် ၁၀ နာရီက ဆွမ်းဆန်စိမ်းသွား​ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ဗျူဟာ(အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်းဦးဆောင်သောတပ်နယ်မှ အရာရှိ/ စစ်သည်မိသားစုများက ဝေဠုဝန်ဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆွမ်းဆန်စိမ်းဖြစ်သည့် ဆန်(၁၂)အိတ်၊ ကုလားပဲ(၂)အိတ်၊ စားဆီ(၂)ပုံး၊ ငှက်သိုက်(၂)ခြင်း၊ ကြက်ဥ၊ နို့ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ရွှေဖီဦးကော်ဖီထုပ်၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို ဆက်ကပ်လှူဒါန်း၍ ဆရာတော်ဘုရားထံမှ ရေစက်ချအနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးခဲ့ကြသည်။

ထို့နောက် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းဆရာတော်ဘုရားနှင့် ဗိုလ်မှူးကြီးမင်းမင်းထွန်းတို့သည် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယာဆေး( ပြန်/ဆက်)