ရွာငံမြို့ဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်

ရွာငံ ဧပြီ ၂၀

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော ကုန်တင်ယာဉ်နှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်- ၁၉ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ရွာငံမြို့ဝင် စစ်ဆေးရေးဂိတ်၌ ပြုလုပ်ပေးလျက်ရှိသည်။ ကျန်မာရေးစစ်ဆေးရေးဂိတ်တွင် ယာဥ်မောင်းနှင့်ခရီးသွားများအား အပူချိန်တိုင်းတာပေးခြင်း၊ ခရီးသွားနေရာဒေသများမေးမြန်းခြင်း၊ ယာဉ်နံပါတ်၊ လက်ကိုင်ဖုန်းနံပါတ် မေးမြန်းခြင်းများ ပြုလုပ်စာရင်းသွင်းခြင်းများနှင့်အတူ ကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်းများကို မြို့နယ် ကိုဗစ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှည့်ကြဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် -၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာများ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)