ပုဗ္ဗသီရိ ဧပြီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များအသိပညာ ဗဟုသုတများစွာရရှိပြီး တွေးခေါ်မှုမြင့်မားလာစေရန်၊ လူတော်လူကောင်းများအဖြစ်ခြင်းဖြင့် ရွှေရောင်အနာဂါတ်ကို ပိုင်ဆိုင်ကြစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပြီးပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များအားဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးရေးအတွက် သင်တန်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့် ဟောပြောပွဲများစသည့် အသိပညာပေးလုပ်ငန်းများကိုကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်ပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)