တောင်ကြီး ဧပြီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှုမှတ်တမ်းအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းခြင်းကို ရှမ်းပြည်နယ်အစိုးရရုံးဝင်းအတွင်းရှိ စာကြည့်တိုက်တွင် ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ရဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် လဝကမှူး ဒေါ်ယဉ်ယဉ်မိုးမှ အနီးကပ်ကြီးကြပ်၍ လူအင်အား ၂၈ ဦး၊ ကွန်ပျူတာ ၂၈ စုံဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုနိုင်-၄မှတ်တမ်းများအား e-ID စနစ်ဖြင့် Data ဖြည့်သွင်း ဆောင်ရွက်လျက်ရှိသည်။
တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသား တစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝအထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း