ပင်လုံ ဧပြီ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး Community Centre ခန်းမတွင် ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသည့် လူငယ်လမ်းညွှန် စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပါသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူ ကစာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ လူငယ်နှင့်မလိုလားအပ်သောအလေ့အထများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး စာကြည့်တိုက် လက်ထောက်-၃ ဒေါ်အတာစိုးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူ လူငယ်များအဖွဲ့မှ မောင်နိုင်ထွဋ်က လူငယ်နှင့်ကျန်းမာရေးအကြောင်း၊ မဇူဇူးမောင်က လူငယ်နှင့်ပညာရေးအကြောင်းများကိုလည်းကောင်း၊ မခင်စုစုစံမှ လူငယ်နှင့် ဘာသာရေးအကြောင်းအရာများကိုလည်းကောင်း အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ပင်လုံ(ပြန်/ဆက်)