မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းကို ယနေ့နံနက် ၉ အချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံး သီရိမွန်ခန်းမတွင် online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ဆရာ၊ဆရာမ (၆၀)ဦးတို့မှ လာရောက် သင်ယူလျက်ရှိပြီး ယနေ့တွင် Generic Topics၊ ဘာသာရပ်ဖွဲ့စည်းပု၊ Video lesson (နံရံကပ်စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သော အစားအစာ ပြုလုပ်နည်းနှင့် ပလပ်စတစ်အိပ်ကလေးခရီးစဉ် အစရှိသည့် ခေါင်းစဉ်များကို သင်ကြားပို့ချပေးလျက်ရှိပြီး၊ အဆိုပါသင်တန်း တက်ရောက်ပြီးသည့် ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ယခု သင်ခန်းစာများအား ပြန်လည်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်ရိုးသစ် (Grade-5) (ToT)online သင်တန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်းသိရှိရပြီး သင်တန်းကို ဧပြီလ(၂၀)ရက်နေ့မှ ဧပြီလ (၂၅)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)