မောက်မယ် ဧပြီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ E-ID Excel စနစ်၊ Format ဖြင့် နိုင်(၄)မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ E-ID Excel စနစ်၊Format ဖြင့် နိုင်(၄)မှတ်တမ်းများဖြည့်သွင်းရန် မြို့နယ်အနေဖြင့် လူဦးရေ (၃၈၅၀၉) ဦး ရှိရာ ကွန်ဗျူတာ (၅)လုံးဖြင့် ကွန်ဗျူတာ(၁)လုံးလျှင် တစ်နေ့လူဦးရေ(၃၀၀)နှုန်းဖြင့် ယနေ့မှ စတင်ကာ(၁)လကျော်အတွင်း လူဦးရေ စာရင်းအပြီးဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးငွေထွန်းနှင့်ဝန်ထမ်းများ ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)