၂၀၂၂ ခုနှစ် ပါဋိပထမပြန်စာမေးပွဲကျင်းပရန် တိုင်ပင်ဆွေးနွေး

လွိုင်လင် ဧပြီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင်၊ ၂၀၂၂ ခုနှစ် ပါဋိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်‌ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်မှ စာမေးပွဲသို့ လာရောက်ဖြေဆိုကြမည့် စာဖြေသံဃာတော်များ အဆင်ပြေစွာဖြေဆိုနိုင်ရန်အတွက် လိုအပ်သည်များအား တိုင်ပင်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများတို့က အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါ ပါဋိပထမပြန်စာမေးပွဲအား မေလ ၇ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ လွိုင်လင်မြို့၊ အောင်မင်္ဂလာအနောက်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပထမကြီး(၁၂)ပါး၊ ပထမလတ် (၂၃)ပါး၊ ပထမငယ်(၄၃)ပါး၊ အခြေပြုမူ(၁၃၇)ပါး စုစုပေါင်း(၂၁၅)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

အယ်မင်း(လွိုင်လင်)