ဝိုင်းမော်မြို့၌ သင်ရိုးသစ် Grade -5 ဗဟိုအဆင့် နည်းပြ (TOT)သင်တန်းပို့ချ

ဝိုင်းမော် ဧပြီ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ပညာရေးမှူးရုံးရှိ အောင်မင်္ဂလာခန်းမ၌ သင်ရိုးသစ် Grade -5 ဗဟိုအဆင့် နည်းပြ (TOT) သင်တန်းကို ဧပြီလ ၂၀ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ဝိုင်းမော်မြို့နယ်ပညာရေးမှူး ဦးသန်းအောင် ဦးဆောင်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအဆင့်မြင့်တင်ရန်အတွက် စနစ်သစ်ပညာရေး သင်ရိုးသစ် Grade -5 ဗဟိုအဆင့်နည်းပြ (TOT)သင်တန်းကို ဖွင့်လှစ်ခဲ့ရာ  ၂၀-၄-၂၀၂၂ ရက်နေ့မှ ၂၅-၄-၂၀၂၂ ရက်နေ့ အထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ Online ဖြင့် (၆)ရက်ကြာ ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန သင်တန်းပို့ချသွားမည်ဖြစ်ပြီး ရက်အလိုက် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာများကို ခေါင်းစဉ်အမျိုးအစားအလိုက် သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုသင်တန်းကို ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းအုပ်ကြီးများနှင့် မူပြ ဆရာ (၁၉)ဉီး၊ ဆရာမ (၂၁)ဦး စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဝိုင်းမော်(ပြန်/ဆက်)