ပြင်ဦးလွင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်ပို့ချ

ပြင်ဦးလွင် ဧပြီ ၂၀ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့ နံနက် ( ၁၀ ) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ကျင်းပရာ တာဝန်ရှိသူများ ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ကြသည် ။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင် ဦးသောင်းမြင့်သိန်းမှ   သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်မှ သင်တန်းဖွင့်လှစ်ရခြင်း၏   ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားကာ မြို့နယ်ကြက်ခြေနီအသင်းမှ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုးမှ ကြက်ခြေနီ အသင်း၏ အခြေခံမူများ၊ စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများ၊ သင်တန်းတက်ရောက်ရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးထွန်းထွန်းဝင်းက ရှေးဦးသူနာပြုစုနည်းဆိုင်ရာ လုပ်ငန်းအတွေ့အကြု များနှင့် အရေးပေါ်ရှေးဦးသူနာပြုစုနည်းများကို အဖွဲ့ငယ်များခွဲ၍ စာတွေ့/လက်တွေ့ သင်ကြား ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို  ( ၂၀ - ၄ - ၂၀၂၂ ) ရက်နေ့မှ ( ၂၂ - ၄ - ၂၀၂၂ ) ရက်နေ့အထိ (၃) ရက်တာဖြင့်  နံနက် ( ၁၀:၀၀ ) မှ ညနေ ( ၁၆:၀၀ ) နာရီအထိ သင်ထောက်ကူပစ္စည်း အစုံအလင်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည် ။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမဲ့သင်တန်းများဖွင့်လှစ်ပို့ချ လျက်ရှိပြီး ယခု ဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုနည်းသင်တန်းသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အရပ်ဘက်လူမှုကူညီ ရေးအသင်းအဖွဲ့ (၁၇) ဖွဲ့မှ သင်တန်းသား/သင်တန်းသူ (၃၄) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။  

ခရိုင် ( ပြန်/ဆက်)