ကျောက်ဆည်မြို့တွင် သင်ရိုးသစ်(Grade-5) ဗဟိုအဆင့်နည်းပြ online သင်တန်းဖွင့်လှစ်

ကျောက်ဆည် ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဧပြီ(၂၀)ရက် နံနက်(၉)နာရီက ကျောင်းသား/ကျောင်းသူများအား မူလတန်းသင်ရိုးသစ်ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက်  သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ online သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၃)ဦးဖြစ်သည့် မြို့နယ်ပညာရေးမှူးဒေါ်မိမိအောင်နှင့် ဒုတိယပညာရေးမှူးဦးညွှန့်ဝင်း၊ ဦးမြင့်လှိုင်နှင့် မူလတန်းအဆင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး (၆၂)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ(၂၀)ရက်မှ ဧပြီ(၂၅)ရက်နေ့အထိ (၆)ရက်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သင်ကြား၊သင်ယူမှု ပိုမိုထိရောက်စေရေး မေ(၁၀)ရက်နေ့တွင် သင်တန်းတက်ရောက်ခဲ့သည့် ကျောင်းအုပ်ကြီးများမှတစ်ဆင့် မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ သင်ရိုးသစ် (Grade-5)သင်ကြားမည့် ဆရာ/ဆရာမများအား ထပ်ဆင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်