တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပန်းချီဆွဲနည်း သင်တန်းဖွင့်လှစ်

တကောင်း ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာအသုံချတက်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍  ယမန်နေ့ မွန်းလွှဲ (၁:၀၀)နာရီ ကအခြေခံပန်းချီဆွဲနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သီရိအောင် နှင့်ဦးကျော်ကျော် (Book Club)တို့မှ  သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြား ခဲ့ပြီးဦးတင်ဝင်း(Book Club)မှ သင်တန်းဖွင့်လှစ်ပေးခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မုဒိတာစကားပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းတွင် အသက်(၁၀)နှစ်မှ (၁၄)နှစ်ထိ ကျောင်းသားလူငယ်(၄၂)ဦးအား အခြေခံပန်းချီပညာ မျဉ်းဖြောင့်/ မျဉ်းကောက်အသုံးပြုပုံ၊  မျဉ်းဖြောင့်သုံး၍ ပုံရေးဆွဲခြင်း၊ မျဉ်းကောက်သုံး၍ ပုံရေးဆွဲခြင်း၊ မျဉ်းဖြောင့်/ မျဉ်းကောက်အသုံးပြု၍ ပုံရေးဆွဲခြင်း၊ ရုပ်ပုံများရေးဆွဲခြင်း၊ ဆေး ရောင်ခြယ်ခြင်း၊ အရောင်များအသုံးပြု၍ရေးဆွဲခြင်းစသည့် ပညာရပ်များအား ၂၀၂၂ခုနှစ် ဧပြီလ (၁၉)ရက်နေ့မှ (၂၅)ရက်နေ့ထိ (၇)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သီရိအောင် (တကောင်း)