ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ ရေ လှူဒါန်း

ညောင်ဦး  ဧပြီ  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ကန်ကျဲကျေးရွာနှင့် ဇီးပင်ကြီးတဲတိုက်သို့ ယနေ့ နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၂၄၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေ အလှူတော်အသင်း အကျိုးဆောင် ဦးဝင်းမင်းထွန်းထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် ချောင်းဖီလာတဲတိုက်နှင့် ညောင်တိုတဲတိုက်သို့ ရေဂါလံ ၂၄၀၀ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများ အတွက် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် ကန်ကျဲကျေးရွာအတွက် ရေဂါလံ ၁၆၀၀ နှင့် ဇီးပင်ကြီးတဲတိုက်အတွက် သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ (၁၄၇၀၆၀) ဂါလံညောင်ဦး မြို့နယ်သောက်သုံးရေ လိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD