တောင်ပြိုလက်ဝဲ ဧပြီ ၂၀
ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်အတွင်းရှိ လူစည်ကားရာ နေရာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းငှားရမ်းပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် စာဖတ်ပရိတ်သတ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများ အတွက် အသိပညာဗဟုသုတတိုးပွားစေရေး၊ လူငယ်လူရွယ်များ စာဖတ်သည့် အလေ့ အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်စာစောင်များ၊ ရုပ်ပြစာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် ဂျာနယ်တို့ကို တစ်ပတ်ငှားစနစ်ဖြင့် စာပေဝါသနာရှင်ပြည်သူများထံသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို အပတ်စဉ် ပုံမှန်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး စာဖတ်ပရိတ်သတ်များကိုလည်း တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဖတ်ရှု့နိုင်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
သိန်းနိုင်(ပြန်/ဆက်)