မဘိမ်း ဧပြီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိ အသက်(၁၅)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ပထမအကြိမ် ထိုးနှံပေးခြင်း ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အဆောက် အအုံသစ်တွင် ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ထိုးနှံဆောင်ရွက်ပေးရာတွင် မဘိမ်းမြို့နယ်အတွင်းရှိ အသက်(၁၅)နှစ်နှင့်အထက် ပြည်သူ ၃၆ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို ပထမအကြိမ် ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ပြည်သူများကိုလည်း သတ်မှတ်စုရပ်နေရာများ တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ပထမအကြိမ် ထိုးနှံပေးရာသို့ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်း များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)