သီပေါမြို့နယ်တွင် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အားကစားအစီအစဉ်ရိုက်ကူး၍ အွန်လိုင်းမှတစ်ဆင့်ထုတ်လွှင့်

သီပေါ ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကောင်းမွန်စေရန် ရည်ရွယ်၍ ကိုယ်လက် လှုပ်ရှားဆေးတစ်ပါး အားကစားအစီအစဉ်ရိုက်ကူးခြင်းကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အားကစားအစီအစဉ် ရိုက်ကူးခြင်းများဆောင်ရွက်ရာတွင် ပြည်သူများကျန်းမာရေးနှင့်ကိုယ်ခံအားကောင်းမွန်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ပြည်သူများ၏ နေ့စဉ်ဘဝလှုပ်ရှားမှုများတွင် အသက်အရွယ်မရွေးပြုလုပ်နိုင်သည့် အားကစားနည်းများကို လိုက်ပါကစားနိုင်စေရန်ရည်ရွယ်၍  ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ် အားကစားမှူး ဒေါ်သန်းရွှေမာက ပြောကြားခဲ့ကြောင်းနှင့် အဆိုပါအားကစားနည်းများကို အားကစားမေဂျာဒုတိယနှစ်ကျောင်းသူ မချစ်စန္ဒီနိုင်က သရုပ်ပြတင်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အားကစားအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော သီပေါမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page နှင့် We Love Hsipaw Facebook Page တို့တွင်  အပတ်စဉ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)