နောင်တရား ဧပြီ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးဌာန ဝန်ထမ်းများအတွက် တူညီရုံးဝတ်စုံနှင့် အခြေခံစားသောက်ကုန် ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပေးအပ်သည်။
အခမ်းအနားတွင် နောင်တရားမြို့၊ မြိုအုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက မိမိတို့ဝန်ထမ်းများ သက်သာချောင်ချိစေဖို့အတွက် ရုံးတူညီဝတ်စုံတစ်စုံနှင့် အခြေခံစားသောက်ကုန်သုံးမျိုးကို ထောက်ပံ့ပေးခြင်းဖြစ်ပြီး ရုံးလုပ်ငန်းများတွင်လည်း မိမိကျရာတာဝန်များတွင် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။ နောင်တရားမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ အရာထမ်းအမှုထမ်း (၁၅)ဦးအတွက် ရုံးတူညီဝတ်စုံတစ်စုံနှင့် အခြေခံစားသောက်ကုန်သုံးမျိုးကို မြို့အုပ်ချုပ်ရေးမှူးမှပေးအပ်ပြီး ဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)