မိုင်းငေါ့ ဧပြီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းငေါ့မြို၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀:)နာရီအချိန်ခန့်က ဈေးရပ်ကွက်သို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှု့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက် လဲလှယ်ပေးသွားမှာဖြစ်ပါသည်။
အဆိုပါ ဆောင်ရွက်ခြင်းတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သတ်သည့် သုတ၊ ရသ စာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များအား ငှါးရမ်းပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)