မိုင်းငေါ့ ဧပြီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းငေါ့မြို့အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးလာစေရန်အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်း၊ ဆေးရောင်းခြယ်သခြင်း စသည်တို့ကိုလည်းကောင်း၊ စာဖတ်ပရိတ်သတ်များအတွက် သုတ/ရသ စာအုပ်များဖြင့် စာအုပ်မိတ် ဆက်ခြင်းစသည့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိပါသည်။
ယနေ့တွင် အငယ်တန်းစာရေး ဒေါ်ခိုင်နှင်းဆီမှ ကလေးများအတွက် “အကြံကောင်းသော ကြက်ဖ” ရုပ်ပြပုံပြင် စာအုပ်ဖြင့် ပုံပြောခြင်းအစီအစဉ်ကို Online မှတစ်ဆင့် တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)