သာစည်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃ လုံး အမိုးလန်ပျက်စီး

သာစည် ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ယမန်နေ့ည နာရီခွဲခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြင်းခြံကျေးရွာ၌ လူနေအိမ် လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြင်းခြံကျေးရွာနေ  ဦးမာဒင်၏ သွပ်မိုး၊ ထရံကာ ပျဉ်ခင်းနေအိမ်၊ ဦးဘိုဝင်း၏ သွပ်မိုး၊ ထရံကာ ပျဉ်ခင်းနေအိမ်နှင့် ဦးပြေကျော်၏ သွပ်မိုး ထရံကာ ပျဉ်ခင်းနေအိမ်တို့ အမိုးများလန်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားရာသို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအထောက်အကူပြု အဖွဲ့နှင့် ရပ်မိရပ်ဖများပူးပေါင်း၍ အပျက်အစီးများ ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)