ငါန်းဇွန် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံသိုင်းပညာနှင့် အေရိုးဗစ်သင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက လူငယ်လူရွယ်ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်၍ အသိဉာဏ်ပညာတိုးပွားသည့် အနာဂတ်လူငယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အခြေခံသိုင်းပညာနှင့် အေရိုးဗစ်သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။ ထို့နောက်အား ကစားနှင့်ကာယ ပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက အခြေခံသိုင်းပညာနှင့် အေရိုးဗစ်သင်တန်းတွင် တက်ရောက်ကြမည့်သင်တန်းသား/သူများအနေဖြင့် စိတ်ဝင်တစား ကြိုးစားသင်ယူကြရန်နှင့် သင်တန်းတက်ရောက်ခြင်းကြောင့် ရရှိမည့်အကျိုး ကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ အခြေခံသိုင်းပညာသင်တန်းတွင် သင်တန်းသား/သူ(၃၂)ဦးနှင့် အေရိုးဗစ် သင်တန်းတွင် သင်တန်းသား/သူ (၃၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ(၁၉) ရက်နေ့ မှ မေ(၂)နေ့အထိ (၁၄)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)