ပြည်ကြီးမဏ္ဍိုင်မြို့ကလေးစာဖတ်ခန်းတွင်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင် ဧပြီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကလေးငယ်များဉာဏ်ရည်ဉာဏ်သွေးများ ထက်မြတ်လာစေရန် ၊အများသူငှာရှေ့တွင် ရဲဝင့်စွာ ပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်အား အသုံးပြုတက်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာ  ပြည်ကြီးမဏ္ဍိုင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ကြီးမဏ္ဍိုင်မြို့ စာပေဝါသနာရှင် ကလေးငယ်များ(၁၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)