ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်

ရန်ကုန် ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍  ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့်  ပြည်သူများအား သတ်မှတ်စုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ယမန်နေ့တွင် မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရ သေးသည့် (၄၉)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ရပ်ကွက်များအရောက် လှည့်လည်ထိုးနှံ‌ပေးရာ ပြည်သူ(၅၆)ဦး၊ မင်္ဂလာအေး ကျောင်းတိုက်နှင့် (၄၇)ရပ်ကွက်ဓမ္မာရုံဆေးထိုးစုရပ်များတွင် ပထမအကြိမ် ထိုးနှံသူ(၇၂)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ(၈၄)ဦး၊ တတိယအကြိမ် ထိုးနှံသူ (၁၆၆)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ