မိုင်းဆတ်မြို့၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မိုင်းဆတ် ဧပြီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်လာတတ်စေရန်၊ ဉာဏစွမ်းရည်နှင့် စာဖတ်စွမ်းရည်တိုးတက် မြင့်မားလာစေရန်နှင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များကို နယ်လှည့်ငှားရမ်းပေးခြင်း၊ ပုံပြင်ပြောခြင်းအစီအစဉ်များ၊ စက္ကူအရုပ်ခေါက်ခြင်း အစီအစဉ်များနှင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များကို မိုင်းဆတ်ခရိုင်ပြည်သူ့စာကြည့်တိုက် Face Book Page မှ တဆင့်လွှင့်တင်ပေးလျှက်ရှိကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)