မြောက်ဥက္ကလာပ ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် သမိုင်းဝင်ဆုတောင်းပြည့် မယ်လမုစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒစရိယဆရာတော် ကြီးများ၊ မြို့နယ်သံဃနာယကဆရာတော်ကြီးများအား နှစ်သစ်ဦးဆွမ်းကပ်လှူဒါန်းပွဲနှင့် ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကပ်ကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ "နမောတဿ" မဟာပဏာမ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး အောင်ဝတီစာသင်တိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ တည်ဆောက်ခဲ့ကြသည်။ ဆက်လက်၍ ဆုတောင်းပြည့်မယ်လမုစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှကြည်မှ သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားခြင်းနှင့် ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများအား နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဩဝါဒစရိယဆရာတော်ကြီးများက ဩဝါဒကထာချီးမြှင့်ပေးခဲ့သည်။
ထိုနောက် ဓမ္မရောင်ခြည်ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဒ္ဓိပိဋကဓရဘဒ္ဒန္တအဂ္ဂဓမ္မထံမှ အနုမောဓရာတရားနာယူခြင်းနှင့် မြိုနယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဉာဏိန္ဒအဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ ဆရာတော်ထံမှ ရေစက်ချတရားနာယူခဲ့ကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
မြမြဝင်း