မတ္တရာမြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

မတ္တရာ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော် များရွတ်ဖတ်ပူဇော်ခြင်းကို ယမန် နေ့ညနေ၆နာရီအချိန်မှ စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရာတွင် အောင်မြေသုခကျောင်းတိုက်မှ စတင်၍ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်မှ မန္တလေးမိုးကုတ်ကားလမ်း မြို့နယ်ရှောင်လမ်းပေါ်မှပတ်၍ မြို့တွင်း အမှတ်(၂)ရပ်ကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း စတင်ထွက်ခွာရာ ကျောင်းတိုက်အထိ ဆရာတော်ကြီးများမှ ပရိတ်တရားတော်များရွတ်ဖတ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်ဖြင့် ပရိတ်ရေဖျန်းဖက်ခြင်း လူမှုရေးအသင်းအဖွဲ့များမှ ပရိတ်ရေနှင့် ပရိတ်သဲများ အား ပြည်သူများသို့ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

စိုးကျော်သူထွေး(မတ္တရာ)