ပျော်ဘွယ် ဧပြီ ၂၀
ပျော်ဘွယ်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်း၍ လျှပ်စစ်ဓာတ်အားချွေတာရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ဧပြီလ (၁၉)ရက်၊ မွန်းလွဲ (၃)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ပြည်သူများ ကျယ်ပြန့်စွာ သိရှိစေရန်အတွက် ယခုကဲ့သို့ ကျင်ပပြုလုပ်ခြင်းဖြစ်ပါကြောင်းကို ရှင်းလင်းကာ လျှပ်စစ်ဓာတ်အား ချွေတာရေးအတွက် ပြည်သူများလိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်များကို မေးမြန်းဆွေးနွေးသည်။
အဆိုပါ မေးမြန်းဆွေးနွေးမှုများနှင့် ပတ်သက်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်ငြိမ်းက ပြည်သူများလျှပ်စစ်ဓာတ်အားကို ငွေကြေးကုန်ကျမှုနည်းပါးစေရန်အတွက် လိုက်နာလုပ်ဆောင်ရမည့် နည်းလမ်းများ၊ လျှပ်စစ်အန္တရာယ်မဖြစ်ပွားစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးလာချိန်နှင့် မီးပြတ်ချိန်တို့ သတိဖြင့်မမေ့မလျော့ လုပ်ဆောင်ရမည့်အချက်များကို ကျယ်ပြန့်စွာရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေ(ပျော်ဘွယ်)